အားလုံးအဆင်ပြေရင် ရှက်ကီရာက ကာလီ(နတ်သမီးစစ်သည်တော်)
အမည်ရတဲ့ အိန္ဒိယရုပ်ရှင်ကားမှာ
သရုပ်ဆောင်ပါလိမ့်မည်..။
ကရန်အရိုရာကဘဲ ဒီရုပ်ရှင်ကားကို ထုပ်လုပ်ဖြန့်ချီပါမည်..။
ဒီရုပ်ရှင်ကားဟာ 3Dရုပ်ရှင်ကား ဖြစ်ပါတယ်..။
နှစ်နာရီကြာမြင့်အောင် ကြည့်ရမဲ့ ရုပ်ရှင်ကားဖြစ်ပြီ..
လန်ဒန် ဒါမှမဟုတ် ယူရိုအရှေ့ပိုင်းက မြို့တစ်မြို့မှာ ရိုက်ကူးပါလိမ့်မယ်..
ဒီအစီအစဉ်မှာ ရှက်ကီရာ သရုပ်ဆောင်အဖြစ် ပါဝင်မှာ သေခြာတဲ့အကြောင်းကို
အရိုရာက Mirrorကို ခုလို ပြောပြပါတယ်..
"ရှက်ကိရာဟာ ကာလီ(နတ်သမီးစစ်သည်တော်)ကားမှာ
ပါဝင်သရုပ်ဆောင်ပါလိမ့်မယ်"
"သူမက မူအားဖြင့် သဘောတူပြီးပါပြီ"
"ငွေကြေးကို မြန်မြန် ဖြေရှင်းရမယ်"ဟု
High Ground Entertainment Ltd၏ CEO အရိုရာက ပြောပြပါတယ်..
ဘာကြောင့် အိန္ဒိယရုပ်ရှင်မင်းသမီးတွေကို ကာလီဇာတ်ကားမှာ
သရုပ်ဆောင်အဖြစ် မရွေးသလဲလို့ မေးတဲ့အခါ..
"ကျနော်တို့က အသားမဲတဲ့သူတွေကို လိုခြင်တယ်"
"ရှက်ကီရာက အသားမဲတယ်လေ"
"နောက်ပြီး အင်တာနေရှင်နယ် စတားတစ်ယောက်ကိုလဲ လိုခြင်လို့ပေါ့" ဟု
အရိုရာက ပြောကြားသွားပါတယ်..
အရိုရာဆိုတာ အင်ဒို ယူကေ စီမံကိန်းကြီးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်..။

No comments:
Post a Comment