အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, September 7, 2010

စာရေးသူတို့၏ စကျင်ရွာတောင်တန်း



မန္တလေးမြို့မြောက်ဘက် မိုင်သုံးဆယ်ကျော်လောက်လောက်မှာ တည်ရှိပါတယ်..Marbleကျောက်များ ထွက်သောတောင်တွေရှိသောကြောင့်..ထိုရွာကို စကျင်ရွာလို့ခေါ်ပါတယ်..ဘာကြောင့် စကျင်ရွာလို့ ခေါ်တာ အတိအကျ မသိပေမဲ့ Marble ကျောက်တွေကတော့ တကယ်အဲဒီရွာမှာ ထွက်ပါတယ်..အဲဒီကျောက်တွေနဲ့ဘဲ ဘုရားဆင်းတုတော်တွေမျိုးစုံနဲ့ တရုပ်ကွမ်ရင်မယ်တော်ပုံတွေ ထုကြပါတယ်..မန္တလေးဘုရားကြီး ကျောက်ဆစ် တန်း နဲ့ ရန်ကုန်ရွှေတိဂုံဘုရားနားက ကျောက်ဆင်းတုတော်တွေဟာ စကျင်ရွာက ထွက်ရှိတဲ့ ကျောက်တွေနဲ့ ထုဆစ်ပြီး ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်..
အမရပူရက ပုထိုးတော်ကြီးဘုရားတို့ မန္တလေးတောင်ခြေနားက ကျောက်တော်ကြီးဘုရားတို့ဆိုတာ စကျင်ရွာ ကနေ သယ်ယူပင့်ဆောင်သွားတာလေ..အဲဒါတွေက ဟိုအရင် ဘကြီးတော်လက်ထက်နဲ့ မင်းတုန်းဘုရင် လက်ထက်တုန်း ကပေါ့..ခုခေတ်မှာလဲ..ပြင်ဦးလွင်မှာတည်ထားတဲ့ နာမည်ကြီးနေတဲ့ ဘုရားနဲ့ ရန်ကုန် မင်းဓမ္မကုန်းမှာတည်ရှိတဲ့ ကျောက်ဆင်းတုတော်ကြီးတွေဟာ စကျင်ရွာက သယ်ယူ ပင့်ဆောင်ပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်..ဒါက အများသိဘုရားတွေကို ပြောပြတာပါ..ချုံပြောရရင် ကျောက်ဆင်းတုဘုရား တော်တော်များများ ကတော့ စကျင်ရွာကထွက်တာပါ..
ခုလိုပြောပြနေရတာကလဲ စာရေးသူကိုယ်တိုင်က စကျင်ရွာသားဖြစ်လို့လေ...ကိုယ့်ရွာလေးကို အလွမ်းပြေ အနေနဲ့ ရေးပြရတာပါ..ဒီဓာတ်ပုံလေးတွေကတော့ စာရေးသူတို့ရဲ့ စကျင်ရွာတောင်တန်းကြီးလေ.. ၀ါဆိုဝါခေါင် ဆို စာရေးသူတို့ရဲ့ စကျင်ရွာလေးကိုရော စကျင်တောင်တန်းတွေကိုရော မြစ်ရေတွေက အပန်းဖြေလာ ကြတယ်လေ..ခုလို ရေကြီးခါကြရင် ...စကျင်တောင်တွေနဲ့ စကျင်ရွာလေးကို ပိုပိုပြီးသတိရတယ်..

No comments:

Post a Comment