အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, August 31, 2009

လူ၏စိတ်သည် အင်မတန်မှ ဆန်းကြယ်၏..မကောင်းတာ
ကို တက်တက်ကြွကြွလုပ်ပေမဲ့... ကောင်းတာကိုကျ ....
နှောင့်နှေးနေတတ်သည်..။ ကောင်းကျိုးကို လိုခြင်ပေမဲ့
ကောင်းသောအလုပ် ကောင်းသောအကျင့် ကျင့်ရမှာ
ကိုတော့ လွန်စွာ ပျင်းရိနေပေသည်..။ မိမိနှလုံးသား
ဝယ် ကိုယ့်ဘို့ကြည့် ရယူခြင်စိတ်ဖြစ်လေတိုင်း...
စိတ်သည် အညစ်အကြေးတင်၏..ထိုအညစ်
အကြေးသည်..မိမိအား မည်သောအခါမျှ ကောင်း
ကျိုးကို ယူလာမည်မဟုတ်ပေ...။ စိတ်ကို ဖြူစင်သန့်
ရှင်းနေအောင်ထားရပေမည်...အ၀တ်အစား ခန္ဓာ
ကို ညစ်ပတ်က တစ်ဘ၀သာ ဒုက္ခခံစားရပေမည်...။
စိတ်ညစ်ကြေးတင်နေက..စိတ်ညစ်ပတ်က..တစ်သံသ
ရာလုံး...အကျည်းတန် ဆင်းရဲခြင်းတို့ဖြင့်...နစ်မွန်း
နေပေမည်...။
ကိုယ့်ကိုယ်ကို သနားရင်...ကိုယ့်အကျိုးစီးပွားကို
လိုလားရင်..ကိုယ့်ကိုယ်ကို ချစ်ရင်..ကိုယ်တိုင်ဘဲ..
ကောင်းတာတွေလုပ်ပါ... ဟု ..မေတ္တာ စေတနာ အရင်း
ခံပြီး တိုက်တွန်းလိုက်ပါသတည်း...။

No comments:

Post a Comment