အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, October 6, 2010

ကံတရားအယူအဆနှင့် လူမှုရေး အကျိုးအမြတ်ရှိသော လုပ်ဆောင်ချက်များ


ကမ္ဘာကြီးနဲ့ ပတ်သက်နေတာတွေက မလွဲမသွေ ကြားနေရေးထက် ပိုများပါတယ်..Align Centerအဲဒီကြားနေရေးတွေက အန္တရာယ်ပိုများပါတယ်..
ကိုယ့်ကျင့်တရားဆိုင်ရာ အပြုအမှုတွေက
ကယ်တင်ခြင်းတွေ ကွန်းခိုရာတွေအတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေပါတယ်..
ကောင်းကျိုးအစုအပုံတွေ ခံစားနေရကတည်းပေါ့...
ဒါကြောင့် ကံတရားတွေ ပြန်လည်မွေးဖွားခြင်း စက်ဝန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်..
စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုတာ နှောင်ကြိုးတွေ..
နောက်ပြီး သံယောဇဉ်တွေအားလုံး ပယ်ခွါနိုင်သူဖြစ်ရပါမယ်..
ကြံ့လိုမျိုး တစ်ယောက်တည်း နေနိုင်ရမယ်..လှည့်လည်နိုင်ရမယ်..
ကံတရား အယူအဆ ကံတရားသဘောတရားဟာ
များပြားလှတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးတွေထဲမှာ ပျံ့နှံ့နေဟန်ရှိပါတယ်...
ပရော်ဖက်ဆာ K.N ဂျယတိလက်ကေ(Prof. K.N.Jayatilleka)ပြောတဲ့အတိုင်း
ဗုဒ္ဓဘာသာဝင်တွေ လက်ခံထားတဲ့ ကံတရားဟာ..ဝေဒတရားတွေ ဟိန္ဒူတွေ ဂျိန်းတွေ...
နောက်ပြီး..အာဇီဝကတွေ..သူတို့တစ်တွေ လက်ခံထားတဲ့ ကံတရားနဲ့
မတူကွဲပြားမှုရှိတယ်ဆိုတာကို နားလည်ဘို့ အဓိက လိုအပ်ပါတယ်...
ဒီလိုနားလည်မှုမရှိရင် အဲဒီမှာ ကျွန်ုပ်တို့ဟာ ရှုပ်ထွေးသွားနိုင်တယ်..
ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် နားလည်မှုလွဲမှားနေတာတွေဟာ
ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ခံထားတဲ့တရားအဖြစ် တင်ပြကြတယ်...
တစ်စုံတစ်ဦးဟာ စပီရို(Spiro)ရဲ့ အမြင်ကို လက်ခံတယ်ဆိုရင်..
အဲဒီသူဟာ ဗုဒ္ဓဘာသာဝင်လို့ ကောက်ချက်ချရလိမ့်မယ်..
မြတ်စွာဘုရားရှင်က နိဗ္ဗေဒိကပရိယာယသုတ်မှာ ကံတရားနှင့် ပတ်သက်ပြီး
ဟောကြားတော်မူထားပါတယ်..
စေတနာသည် ကံ...ဒါကြောင့်မို့... ခန္ဓာကိုယ်နှင့် လုပ်ဆောင်တဲ့ အမှုအရာတွေ
နုတ်ကလေးနဲ့ ပြောဆိုတဲ့ အပြောတွေ..
စိတ်ကလေးနဲ့ ကြံတဲ့အကြံတွေ....ဒါတွေအားလုံးကို ကံလို့ ဟောတော်မူပါတယ်...။
စူဠကမ္မ၀ိဘင်္ဂသုတ်တော်မှာလည်း မြတ်စွာဘုရားရှင်က
တောဒေယျလူငယ်လေးကို ဟောကြားတော်မူထားပါတယ်....
သတ္တ၀ါတွေဟာ သူတို့ကိုယ်ပိုင်ကံတရားသည်ပင်လျှင်
သူတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာဖြစ်တယ်...
ကံတရားရဲ့ အမွေစား အမွေခံဖြစ်တယ်..
ဖြစ်တတ်ပျက်တတ် ပြုပြင်တတ်သော ပတ်ဝန်းကျင်အခြေအနေအတိုင်း
သူတို့ရဲ့ ဆက်ဆံရေးအတိုင်း..သူတို့ရဲ ကွန်းခိုရာ ခိုလှုံရာအတိုင်း
ကံတရားရှိကြပါတယ်...။
ဒီကံတရားကြောင့်ပဲ..သတ္တ၀ါတွေဟာ အနိမ့်အမြင့် တစ်နည်းအားဖြင့်
ချမ်းသာ ဆင်းရဲ...ကွဲသွားကြပါတယ်..

ဝန်ခံချက်...Dr..Dharmasena Hettiarachchiရေးသားသော The concept of Karma and Socio-Economic Activitiesဟူသော ဆောင်းပါ၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ပါသည်... အရှင်နာဂ(ပုနေး)








No comments:

Post a Comment