အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, September 20, 2010

ချစ်ခြင်းမေတ္တာနှင့် သဘောထား


ကျွန်ုပ်တို့ဟာ လူတွေကို ဆန့်ကျင်ဘက်အနေဖြင့် တုန်ပြန်မိသောအခါ
ခန္ဓ္ဓာကိုယ်တစ်ခုလုံးလည်း ဆန့်ကျင်ဘက် ဦးတည်ရာကို လှုပ်ရှားမိပါတယ်..
စိတ်လှုပ်ရှားမှုတွေ ခံစားနေရပြီးတော့..
အတွေးအခေါ်တွေ..ခံစားမှုတွေအားလုံးဟာ
အာရုံကြောတွေ ကိုယ်ခံအားတွေနဲ့ ဆက်သွယ်နေပါတယ်..
ဒါကြောင့်မို့ ဘ၀မှာ ဖြစ်လာတဲ့ အခြေအနေအားလုံးကို
ဂရုစိုက်ပြီး တုန့်ပြန်ဖို့လိုအပ်ပါတယ်...
အမေရိကန်စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တဲ့
နော်မန်ကူးစင်(Norman Cousins)
အလွန်နေမကောင်းဖြစ်စဉ်
သူ့ဆရာဝန်က အခြေအနေမကောင်းမှန်းသိတဲ့အခါ..
သူ့ကို စွန့်ခွါသွားခဲ့ပါတယ်...
ရက်အနည်းငယ်ကြာတော့..လူနာထံကို ပြန်သွားတယ်..
နောက်ပြီးဆန့်ကျင်တဲ့ စိတ်ခံစားမှုတွေဟာ ခန္ဓာကိုယ်အတွက်
ဆန့်ကျင်ဘက် အကျိုးဆက်ဖြစ်စေတယ်..
အပြုသဘောဆောင် အကောင်းမြင်မှုတွေဟာ ခန္ဓာကိုယ်ကို
အပြုသဘောအကျိုးသက်ရောက်စေတယ်လို့
လူနာနဲ့ ၀မ်းကွဲညီကိုတော်သူကို စည်းရုံးပြောဆိုတယ်..
ထို့နောက် ဟာသရုပ်ရှင်းကား အစစ်အမှန်တွေကို ငှားပြီး
ပုံမှန်စတင်ကြည့်ခိုင်းတယ်...
အဲဒီနောက်မှာတော့
အိပ်ဆေးအကူအညီမပါဘဲ လူနာအိပ်နိုင်လာတယ်ဆိုတာကို
ဆရာဝန်က သတိထားမိတယ်..
ပြင်းထန်စွာ နာကျင်မှုတွေဟာလည်း လျော့ကျသွားတယ်..
အကိုက်အခဲပျောက်ဆေးပေါ်မှီနေရတာလည်း နည်းသွားတယ်
နောက်ဆုံးတော့ သူဟာ ပြန်လည် နေကောင်းလာပါတယ်..လို့
ဗြိတိသျ ဆေးဂျာနယ်မှာ သူ့အတွေ့အကြုံကို ရေးသားထားပါတယ်..။
အာတ် မတ်သီးယတ် (Art Mathias)ဟာ အမျှင်လေးတွေအပါအ၀င်
အစားအသောက်အတော်များများနဲ့
မတည့်ပါဘူး..
သူဟာ ၀ါနဲ့လုပ်ထားတဲ့ ချည်ထည်လေးတွေကို ၀တ်ဆင်တယ်..
အဲဒီအ၀တ်အစားတွေဟာ ဈေးကြီးတယ်..
သူ့အခြေအနေဟာလည်း မကောင်းဘူး..
ဒါကိုသိတော့ ဆရာဝန်ဟာ သူ့ကို စွန့်ခွါသွားတယ်...။
တစ်နေ့မှာ သူဟာ ခွင့်လွတ်မှုနဲ့ပတ်သက်ပြီး နားထောင်ရတယ်..
သူ့ကို နာကျင်အောင် လုပ်တဲ့သူတွေကို ခွင့်လွတ်ဖို့ ဆုံးဖြတ်လိုက်တယ်..။
အဲဒီနောက်မှာတော့ သူဟာ မတည့်တဲ့အစားအစာတွေအပါအ၀င်
အစားအစာ အတော်များများကို စားနိုင်လာတယ်..
အသားအရေတွေဟာလည်း ကောင်းလာတယ်..ဆိုတာကို ရုတ်တရက် သိလိုက်တယ်..။
ဒီလိုအံ့သြရလောက်အောင် အနာရောဂါတွေ ပျောက်ကင်းခြင်းနောက်ကွယ်မှာ
သူ့အတွေးအခေါ်တွေ အဓိက ပြောင်းလဲလိုက်တာလည်းပါတယ်..
သူ့ကို နာကျင်အောင်လုပ်တဲ့သူတွေကို ခွင့်လွတ်တယ်..
ခါးသီးမှုတွေ..အငြိုးအတေးထားမှုတွေကို..ဖျောက်ပစ်တယ်..
သူတို့အတွက် ဆုတောင်းပေးတယ်..
ညီကိုနှစ်ယောက်နဲ့ မတ်သီးယက်တို့အတွက် ကျန်းမာရေးတွေ ပြန်လည် ကောင်းမွန်လာတာ..
နာကျင်မှုတွေ ပျောက်သွားရတာဟာ သဘောထား ပြောင်းလိုက်လို့ဖြစ်ပါတယ်...။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၂၀၀၂ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်..
ဆရာဝန်နှင့် လာတိုင်ပင်သော လူနာသုံးယောက်တွင် တစ်ယောက်သည်
ဒေါသတွေ စိတ်ဓာတ်ကျဆင်းမှုတွေ စိတ်အားငယ်မှုတွေကြောင့်
ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
ချွတ်ယွင်းနေသူတွေဖြစ်ပါတယ်..
ထပ်ချဲ့ပြီး ပြောရရင်..ကျွန်ုပ်တို့အများစုဟာ
စိတ်မကျေနပ်မှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ ဆင်းရဲနေပါတယ်..။
ကျွန်ုပ်တို့ရဲ့ သဘောထားတွေကို ပြောင်းလဲနိုင်မယ်ဆိုရင်
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဖေါက်ပြန်မှုတွေကို ရှောင်ကြည်နိုင်ပါလိမ့်မယ်..။
အရေးကြီးဆုံးကတော့..
စိတ်ပျက်ခြင်း စိတ်ထိခိုက်ခြင်းတွေနှင့် ပတ်သက်ပြီး အပြုသဘောလမ်းစဉ်တွေကို လေ့လာရပါမယ်..။
သမတကြီး အေဘရာဟင်လင်ကွန်းက သူ့သားရဲ့ ဆရာထံကို
စာတစ်စောင် ရေးခဲ့ပါတယ်..
“ဘယ်လိုအောင်မြင်နိုင်တယ်ဆိုတာကို သင်ပေးပါ”
“ဒါပေမဲ့..ကျရှုံးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကိုလဲ သင်ပေးပါ”
ဆိုပြီး စာတစ်စောင်ရေးပေးခဲ့ပါတယ်..
ကျွန်ုပ်တို့ဟာ ကျန်းမာရေးမကောင်းတာတွေနဲ့ ပတ်သက်ပြီးအကုန်မသိနိုင်ပါဘူး..
ဒါပေမဲ့ မကြာသေးခင်က လေ့လာမှုအရ..
ကျန်းမာရေးဖေါက်ပြန်နေတဲ့ လူနာ(၈၂)ရာခိုင်းနုံးဟာ
စိတ်လှုပ်ရှားကြောင့်ဖြစ်ရတာလို့..သိရပါတယ်..
ကျရှုံးမှုတွေ..စိတ်ပျက်အားငယ်မှုတွေကို ပြန်လည်တုန့်ပြန်ဘို့..
သေခြာပါတယ်..
ပြန်လည်တုန့်ပြန်မှုတွေဟာ..ခါးသီးတာတွေ ပယ်မယ်..
ဒေါသတွေကို ချုပ်တီးမယ်..
မကျေမချမ်းနိုင်ဖြစ်မှုတွေကို ကျေအေးမယ်ဆိုရင်..
ကောင်းတဲ့အားထုတ်မှုတွေဖြစ်ပါတယ်..
ဦးနှောက်နှင့် အာရုံကြောပါရဂူတွေက..neuronဟာ
ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်..
ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်က အဲဒီဦးနှောက်ကို ဖန်ဆင်းပေးပါတယ်..။
ကျွန်ုပ်တို့ခန္ဓာကိုယ်ကြီးဟာ အဆင်ပြေသလိုလည်ပတ်နေပါတယ်...
မျှော်လင့်ချက်တွေ ယုံကြည့်မှုတွေဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲ
အပြုသဘောဆောင်တဲ့ စွမ်းအားတွေကို ထုတ်လုပ်ပေးပါလိမ့်မည်....။
ဝန်ခံချက်..Rev K Vaudevan ရေးသားသော Neurons, Love, Attitude ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်... အရှင်နာဂ(ပူနေး)









No comments:

Post a Comment