အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Sunday, August 22, 2010

ကုသိုလ်

စွန့်လွှတ်ရေးဆိုသည်မှာ လူချမ်းသာ၊နတ်ချမ်းသာတို့၌ တပ်မက်ခြင်းကို စွန့်လွှတ်ရ၏..။ရာထူး ဂုဏ်သိန် စည်းစိမ်ဥစ္စာတို့၌ တပ်မက်ခြင်းကို စွန့်လွှတ်၏...။ဓမ္မ၀ါဒထွန်းကားရေး၊လူအဖွဲ့အစည်းငြိမ်းချမ်းရေး တို့အတွက်ဆောင်ရွက်ရာ၌ မိမိအသက်၊မိမိဘ၀၌ပင် တပ်မက်ခြင်းကို စွန့်လွှတ်ရ၏..။အရာရာတိုင်း၌ တပ်မက်ခြင်းကို စွန့်လွတ်ရ၏...။
ရိုးရိုးကုသိုလ်ကို ရိုးရိုးလူသားတို့က တန်ဖိုးထား၏..။မြတ်နိုး၏..။ပါရမီကုသိုလ်ကို မြင့်မြတ်သောလူသား
တို့က တန်ဖိုးထား၏..။မြတ်နိုး၏..။ထို့ကြောင့် ဗုဒ္ဓ၀ါဒကို တကယ်ယုံကြည့်သူများဖြစ်ပါက ပါရမီကုသိုလ်
များဖြင့် ဘ၀ကို တည်ဆောက်သူများ ဖြစ်ထိုက်ပါ၏...။
ဗုဒ္ဓဒေသနာတော်အရ ဘ၀ဟူသည် ကြွေးပင်ဖြစ်၏..။ထပ်၍ ထပ်၍ ဘ၀ဖြစ်ခြင်းသည် ထပ်၍ထပ်၍ ကြွေးတင်း ခြင်းဖြစ်၏...။ထို့ကြောင့် ရယူရေးသည် ဘ၀ကို တည်ဆောက်ရာတွင် ရိုးရိုးကုသိုလ်သဘောဖြစ်၏..။ယင်းကို ၀ဋ္ဋနိဿိတ ကုသိုလ်ဟူ၍လည်း ဆို၏...။ စွန့်လွှတ်ရေးသည် ကြွေးဆပ်ခြင်းဖြစ်၍ ပါရမီကုသိုလ်သဘောဖြစ်၏..။ ယင်းကို ၀ိဝဋ္ဋနိဿိတကုသိုလ်ဟူ၍လည်း ဆိုရ၏..။သာမန်အားဖြင့် ရိုးရိုးကုသိုလ်သည် ရခြင်းဖြစ်၍ အပေါင်းသဘော ဆောင်၏..။ပါရမီကုသိုလ်သည် စွန့်လွှတ်ခြင်းဖြစ်၍ အနုတ်သဘောဖြစ်၏....။
သို့ရာတွင် သင်္ချာနည်းအရဆိုသော် ရိုးရိုးကုသိုလ်ရသည် ဆိုသော်လည်း ကြွေးတင်ခြင်းဖြစ်၍ အနုတ်စစ်စစ်ဖြစ်၏..။အရှုံးစစ်စစ်ဖြစ်၏...။ပါရမီကုသိုလ်သည် စွန့်လွှတ်သည်ဆိုသော်လည်း ကြွေးကျေခြင်းဖြစ်၍ အပေါင်းစစ်စစ်ဖြစ်၏....။အမြတ်စစ်စစ်ဖြစ်၏...။

(ဘ၀အကျဉ်းသားမှ )

No comments:

Post a Comment