အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, August 25, 2009

လူသားတိုင်းသည်..မျှော်လင့်ချက်ကိုယ်စီဖြင့်...ဘ၀ရဲ့တောက်ပမည့် အချိန်ကို အားကိုးတကြီးဖြင့် လှမ်းမျှော် နေကြ၏.. ရွှေရောင်နေ့ရက်များကို ကိုယ်စီမျှော်ရင်း....ထင်တဲ့အတိုင်း ဖြစ်မလာဘဲဘ၀ကို ကုန်ဆုံးသွားသူများ ရှိသလို... မျှော်လင့်ချက်ပြည့်ဝသဖြင့် စိတ်ရှိတိုင်း ခံစား စံစားပြီး ဘ၀ အမေ့ကြီးမေ့နေသူများလည်း အများအပြား ပင်ရှိသည်....မျှော်လင့်တိုင်း ဆန္ဒပြည့်သူများရှိသလို ...မျှော်လင့်တဲ့ အတိုင်း..ဖြစ်မလာသဖြင့်..စိတ်ညစ်ညစ်နဲ့ ခွက်ပုန်းရေသောက်ရင်း...သောကနေ့ရက်တွေကို..ကုန်လွန်စေသူများ ရှိပေသည်။
တစ်ခါက ကျေးဇူးတော်အနန္တသခင် မြတ်ဗုဒ္ဓအရှင်သူမြတ်သည်..ရဟန်းတော်များအား..ဈေးသည်နှင့် နိုင်းကာ သွန်သင်ခဲ့ပေသည်...
ရဟန်းတို့...ဒီတရားသုံးပါးနှင့် ပြည့်စုံသော ဈေးသည် သည်..မရသေးသော စည်းစိမ်ကိုလည်း မရရှိနိုင်..ရရှိပြီး သော စည်းစိမ်သည်လည်း မတိုးပွားနိုင်..
အဘယ်တရားသုံးပါတို့နည်းဟူမူ.............
(၁) နံက်ပိုင်းမှာလည်း အကြင်ဈေးသည် သည် ကောင်းကောင်းအလုပ်မလုပ်..
(၂) နေ့လည်ပိုင်းမှာလည်း အကြင်ဈေးသည်သည် ကောင်းကောင်းအလုပ် မလုပ်
(၃) ညပိုင်းမှာလည်း အကြင်ဈေးသည်သည် ကောင်းကောင်းအလုပ်မလုပ်ခြေ...ထိုတရားသုံးပါးနှင့် သုံးပါးနှင့် ပြည့်စုံသော ဈေးသည် သည် မရရှိသေးသော စည်းစိမ်ဥစ္စာကိုလည်း မရရှိနိုင်..ရရှိပြီးသော စည်းစိမ်ဥစ္စာသည်လည်း တိုးပွားမည်မဟုတ်...
ထို့အတူ ...ချစ်သားရဟန်းတို့သည်လည်း..ဖေါ်ပြပါတရားသုံးပါးနှင့် မပြည့်စုံက မရသေးသော ကုသိုလ်ကိုလည်း မရနိုင်... ရပြီးသော ကုသိုလ်သည်လည်း တိုးပွားမည် မဟုတ်ချေ..
အဘယ်တရားသုံးပါးတို့နည်းဟူမူ....
(၁) နံက်ပိုင်း
(၂) နေ့လည်ပိုင်း
(၃) ညပိုင်း..ထိုအချိန် သုံးချိန်လုံးမှာ ငါ၏ချစ်သား..ရဟန်းတို့သည် သမာဓိနိမိတ်ကို ကောင်းစွာ မဆောက်တည်...ထိုသို့ သမာဓိနိမိတ်ကို ကောင်းစွာ မဆောက်တည်လျှင် မရသေးသော ကုသိုလ်ကို ကောင်းစွာ မရရှိ...ရပြီးသော ကုသိုလ်လည်း..တိုးပွားမည်မဟုတ်ချေ....

No comments:

Post a Comment